အလုံ ဇန်နဝါရီ ၂၉
အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ရာ ရွေးကောက်ပွဲ အပိုင်း (၃) ထိ အားလုံးပါဝင်ဆောင်ရွက်ပေးကြသည့်အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များ၊ လမ်းညွှန်မှာကြားချက်များအား ချပြရှင်းလင်းခြင်း၊ လာမည့်ပြည်ထာင်စုနေ့ အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ ဌာနဆိုင်ရာများမှ မိမိတို့ဌာနများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဌာနဆိုင်ရာများအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန်ဆွေးနွေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မိမိတို့ရပ်ကွက်အလိုက် ဆောင်ရွက်နေသည့် ကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)