မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

မင်္ဂလာတောင်ညွန့် ဇန်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (YouthClub) အဖွဲ့ဖြင့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်အောင်မြင်မှု" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇန်ဝါရီ ၂၇ ရက်နေ့ နေ့လယ် (၁၃) နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိ‌စေမည့် စာအုပ်များကိုလည်း ဖတ်ရှုသင့်ကြောင်းနှင့် စာ‌ပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးတို့ကို လည်းရှင်းလင်းပြော​ကြား ဆွေးနွေးသည်။

ထို့နောက် (YouthClub) အဖွဲ့ဝင်‌ မအေးမြတ်ဖြူစင်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်အောင်မြင်မှု" စာအုပ်မှ လူငယ်နှင့်‌ အောင်မြင်ရေး၊ အောင်မြင်မှုနှင့် လူငယ်ခေါင်းစဉ်ပါအ‌ကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး မောင်ဝေယံထွန်းက ပြန်လည်ဆွေး‌နွေးသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်မြတ်အေး (ပြန်/ဆက်)