တွံတေး ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးသတိမူရေး လိုက်လံဆော်ဩခြင်းများကို ဇန်နဝါရီ ၂၇ ရက်နေ့ ည (၆) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၌ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တွံတေးမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးဦးဆောင်၍ သန္ဓေ ၅ ဦးက မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် သတိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပေါ့ဆမီးများ မဖြစ်ပေါ်ရေး၊ မီးဖိုများတွင် မီးကြွင်းမီးကျန်များ မရှိစေရေးနှင့် လျှပ်စစ်သုံးလူသုံးကုန်ပစ္စည်းများမှ လျှပ်စစ်ဝါယာလျှော့များမဖြစ်စေရေး၊ သောက်သုံးရေသိုလှောင်ထားရှိမှုအပါအဝင် မီးသတ်ဆေးဘူး၊ မီးချိတ်/မီးကတ်နှင့် မီးဘေးကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျ အသင့်ထားရှိရေးနှင့် မီးလောင်မှုဖြစ်ပေါ်ပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ရေးတို့ကို လှည့်လည်နှိုးဆော်ခဲ့ကြောင်းနှင့် ပြည်သူတစ်ဦးချင်းစီတိုင်းနေ့ညမရွေး မီးဘေးကြိုတင်ကာကွယ်ရေး အသိ/သတိ အစဉ်အမြဲရှိနေစေရေးအတွက် မီးဘေးလုံခြုံရေးလှည့်လည်သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်