ကော့မှူး၌ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁)/ (၂) မှ သီးနှံလျော်ကြေးငွေပေးအပ်ပွဲကျင်းပ

ကော့မှူး ဇန်နဝါရီ ၂၉

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဗေဒဌာနဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁) နှင့် (၂) မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် MOGE-6 စပါယ်ကြီးစမ်း-နတ်စင်ကုန်းဧရိယာ သီးနှံလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့မှ အမှုဆောင်ဘူမိရူပဗေဒအရာရှိ ဦးမောင်မောင်ကျော်သာဝင်းက သီးနှံလျော်ကြေးပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အမှုဆောင်ဘူမိရူပဗေဒအရာရှိ ဦးမောင်မောင်ကျော်သာဝင်းတို့က မှော်တောကျေးရွာ၊ တလုတ္ထော်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ခလောက်ခမယ်ကျေးရွာ၊ ပျားမွှတ်ကျေးရွာ၊ လာဝတီကျေးရွာ၊ ဆပုဂံကျေးရွာ များမှတောင်သူများ၏ ပျက်စီးဧက (၁.၉၅၈) အတွက် လျော်ကြေးငွေ (၃၆၀၄၀၅၀.၄၀) ကျပ်တို့အား တောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ