ကမာရွတ်ခရိုင် တရားရုံးသို့ ဥပဒေကျောင်းသား/သူများ လာရောက်လေ့လာ

ရန်ကုန် ဇန်နဝါရီ ၂

ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာမများနှင့် မဟာအရည်အချင်းစစ်သင်တန်းနှင့် ပဉ္စမနှစ်သင်တန်းမှ ဥပဒေကျောင်းသား/ကျောင်းသူ (၃၀) ဦးသည် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကမာရွတ်ခရိုင်တရားရုံးသို့ လေ့လာရေးခရီးလာရောက်ရာ ခရိုင်တရားသူကြီး ဦးဇော်မင်းထွဋ်နှင့် တရားသူကြီးများက ကြိုဆိုကြသည်။

ထို့နောက် ခရိုင်တရားသူကြီးရုံးခန်းတွင် ခရိုင်တရားသူကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တွဲဘက်ခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီက တရားစီရင်ရေးလုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တွဲဘက်ခရိုင်တရားသူကြီးများနှင့် ဒုတိယခရိုင် တရားသူကြီးများက ရှင်းလင်းဖြေကြားကြသည်။

ဆက်လက်၍ လေ့လာရေးလာရောက်သည့် ဆရာမများအား ကမာရွတ်ခရိုင်တရားရုံး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်တရားရုံးရှိ တရားခွင်များတွင် ရာဇဝတ်မှုများ၊ တရားမမှုများ ကြားနာစစ်ဆေးနေခြင်းများကို လက်တွေ့လေ့လာခဲ့ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)