ကွမ်းခြံကုန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်းကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဇန်နဝါရီ ၂၇ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို တွံတေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းတို့က Straight light co,ltd မှ တာဝန်ယူဆောင်ရွက်နေသည့် ကညင်ကုန်းကျေးရွာ၊ ကျေးရွာတွင်းလမ်း ကွန်းကရစ်လမ်းခင်းခြင်းအရှည် (၀/၀.၇၃၃) မိုင်၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ၊ ကွန်းကရစ်ခင်းခြင်း ဆောင်ရွက်နေမှုအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)