သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၂၅)ရှိ KG ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၉၉)ဦးအား (သတ္တမအကြိမ်)ကျောင်းတွင်း အာဟာရ(School Meal)ကျွေးမွေး

သာပေါင်း ဇန္နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (School Meal) အစီအစဥ်ကို(သတ္တမအအကြိမ်)မြောက် ဆောင်ရွက်လျက်ရှိခဲ့ကြသည်။

ကျောင်းသား၊ကျောင်းသူအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအမူအကျင့်များဖြစ်သည့် လက်ကိုစနစ်တကျဆေးခြင်း၊ နည်းစနစ်မှန်စွာ သွားတိုက်ခြင်း၊ အာဟာရတန်ဖိုးမျှတစွာပါဝင်သော အစားအစာများရွေးချယ် စားသုံးတတ်လာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်း(၂၂၅)ရှိ KG ကျောင်းသား၊ ကျောင်းသူပေါင်း(၂၃၉၉)ဦးအား ကျောင်းတွင်း အသိပညာပေး အာဟာရ ကျွေးမွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း (ပြန်/ဆက်)