သင်္ဃန်းကျွန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီပရဝဏ်အတွင်း ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းကစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
နှစ်စဥ်ကျင်းပမြဲဖြစ်သည့် (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းမှ စတင်ကာ စေတီတော်ပရဝုဏ်ပတ်လည်မုခ်လေးမုခ်တွင် စျေးရောင်းချသူများ ဝယ်ယူသူများနှင့် စည်ကားလျက်ရှိသည်။ ဘုရားပွဲစျေးရောင်းချရာတွင် မြန်မာ့ရိုးရာအစားအစာများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ကလေးများ ကစားစရာကားဝိုင်းလှည့်၊ ရထားဝိုင်းလှည့်၊ ပင်လယ်ဓားပြလှေကြီးနှင့် မြို့ရွှေမန်းသား ဖိုးချစ်ဇာတ်ပွဲအား ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ထိ ကပြဖျော်ဖြေမည်ဖြစ်ပြီး ဘုရားဖူးလာပြည်သူများ ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။
ဇော်မိုး