လမ်းမတော် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ဦးဆောင်မှုဖြင့် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ လမ်းမတော်မြို့နယ်ရှိ အမှတ် (၂) ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် ပတ်ဝန်းကျင်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)