ဗဟန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာဟောပြောပွဲ၊ ပြိုင်ပွဲများ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်သိရှိပြီး လိမ္မာယဉ်ကျေးသော လူငယ်များဖြစ်စေရန်အတွက် "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရပါသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီရေးဆွဲပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဗဟုသုတရရှိစေသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခရိုင် (ပြန်ဆက်)