ကန်ကြီးထောင့်မြို့နယ်၊ အ.လ.က (လျှော်ကုန်း) ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) ဟောပြောပွဲကျင်းပ

ကန်ကြီးထောင့် ဇန်နဝါရီ ၂၉

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နိုင်ငံအတွင်းရှိ အခါကြီး၊ နေ့ကြီး၊ ရက်ကြီး အကြောင်းအရာများနှင့်ပတ်သက်၍ ပိုမိုသိရှိစေရန်နှင့် အသိပညာဗဟုသုတများပိုမိုတိုးပွားကာ ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနတို့ ပူးပေါင်း၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လျှော်ကုန်းကျေးရွာအုပ်စု၊ အ.လ.က (လျှော်ကုန်း) တွင် ကျင်းပသည်။

ဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးကိုယ်စား အလယ်တန်းပြ ဆရာဦးသန်း‌ဌေးအောင် ကကျောင်းသား၊ ကျောင်းသူများအား အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံအတွင်းရှိ အခါကြီး၊ နေ့ကြီး၊ ရက်ကြီးများဖြစ်‌ပေါ်လာပုံနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပြည်ထောင်စု့နေ့ဖြစ်ပါ်လာပုံ၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အာဇာနည်ခေါင်း‌ဆောင်ကြီးများ၊ အကြီးအကဲများ၏ သမိုင်းကြောင်းများအား အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာ‌‌ကြသော ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားစူးစိုက်နားထောင်လိုက်လံမှတ်သားခဲ့ကြသည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်ဇင်မာဦးမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအားလိုက်လံရှင်းလင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ လိုက်လံကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)