ဟင်္သာတတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အကြမ်းဖက်မှုကြိုတင်ကာကွယ် တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ဟင်္သာတ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ကျောင်းစာကြည့်တိုက် စာဖတ်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အကြမ်းဖက်မှုကြိုတင်ကာကွယ် တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲ လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာစာဌာနမှ တွဲဘက်ပါမောက္ခ ဒေါက်တာ နွဲ့နွဲ့ရီမှ ဦးဆောင်၍ မောင်ထက်ကိုအောင် (ဒုတိယနှစ်မဟာ-မြန်မာစာ)၊ မအေးမူဌေး(ပထမနှစ်မဟာ-မြန်မာစာ)၊ မခင်ဦးငယ် (မဟာအရည်အချင်းစစ် သင်တန်း-မြန်မာစာ)၊ မောင်စိုးမင်းထွန်း (ဒုတိယနှစ်-မြန်မာစာ) မောင်ခန့်မင်းညို (စတုတ္ထနှစ်-ဥပဒေ) တို့မှ "အကြမ်းဖက်မှုကြိုတင်ကာကွယ် တားဆီးရေး၊ တိုက်ဖျက်ရေးဆိုင်ရာ"ခေါင်းစဥ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်းမှ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ဆွေးနွေးသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ်များဖြစ်သော ဒေါက်တာအေးလွင်၊ ဒေါက်တာချိုကြည်သန်း၊ ဌာနအသီးသီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)