ရန်ကုန် ဇန်နဝါရီ ၃၀
သန်လျင်ခရိုင် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများကို ဇန်နဝါရီ ၂၇ ရက်နေ့ ည (၆) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းစုံ၊ လမ်းခွများ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သတိပေးနှိုးဆော်ရာတွင် သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်စုံထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မိဘပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပေါ့ဆမီးများမဖြစ်ပေါ်ရေး၊ မီးဖိုများတွင် မီးကြွင်းမီးကျန်များ မရှိစေရေးနှင့် လျှပ်စစ်မီးမှတစ်ဆင့် လူသုံးကုန်ပစ္စည်းများမှ လျှပ်စစ်ဝါယာလျှော့များ မဖြစ်စေရေး၊ သုံးရေသိုလှောင်ထားရှိမှုအပါအဝင် မီးသတ်ဆေးဘူး၊ မီးချိတ်/မီးကတ်နှင့် မီးဘေးကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျအသင့်ထားရှိရေးနှင့် မီးလောင်မှုဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ရေးတို့ကို လှည့်လည်သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ