ကွန်ဟိန်း ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးခွန်ရဲထွေးမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်၊ နေ့ထူးနေ့မြတ်ရက်များကို တန်ဖိုးထားတတ်စေရန်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထိုနောက် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး တတိယဆုရရှိသော စိုင်းမြတ်သာထက်ကို ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်ရဲထွေးကလည်းကောင်း၊ ဒုတိယဆုရှိသော မနန်းဆိုင်မိုနွံကို မြို့နယ်အခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ဦးကလည်းကောင်း၊ ပထမဆုရရှိသော မယွန်းရတီအောင်ကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းမင်းထွန်းကလည်းကောင်း ဆုများချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အားလုံးကို အမှတ်တရလက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)