ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဗိုလ်တထောင် ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း မြဝတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က “ဗိုလ်တထောင်မြို့နယ်၏ လုပ်ငန်းတာဝန်များအား၊ ပွင့်လင်းရာသီရောက်ပြီဖြစ်သဖြင့် မီးဘေးလုံခြုံရေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးနှင့် ဝန်ထမ်းများအားလုံးပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြောကြားသည်။

ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးကျော်ဝင်းထွန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၊ လိုက်နာဆောင်ရွက်မှုများ၊ နိုင်ငံတော်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညွှန်ကြားချက်များအား ဖတ်ကြားတင်ပြခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားချက်ဆိုင်ရာများကို ဖတ်ကြားခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များမှ ဆွေးနွေးခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်တာဝန်ခံများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ ရပ်ကွက်အုပ်ချုပ်မှူးများမှ မိမိတို့ရပ်ကွက်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်​ရပ်ကွက်သန့်ရှင်းသာယာရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၁ နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ထိုအစည်းအဝေးသို့ ဗိုလ်တထောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်တာဝန်ခံများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ရပ်ကွက်စာရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း (ပြန်/ဆက်)