ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေး

ညောင်တုန်း  ဇန်နဝါရီ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုး နှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုး‌ကျော်က ကျေးလက်ဒေသများ၌ ကာကွယ်ဆေးထိုးခြင်းအောင်မြင်မှုရာခိုင်နှုန်းများနှင့် ကာကွယ်ဆေးရရှိမှုအခြေအနေများ အားပြောကြား၍ မအူပင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်မှ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ဆွေက မြို့နယ်အတွင်း ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ အသိပညာပေးဆွေးနွးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် မိများ၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)