ကျောက်ဆည်တက္ကသိုလ်၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲပြုလုပ်

စဉ့်ကိုင် ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးလုံခြုံရေး စနစ်တကျရှိစေရေးနှင့် မီး‌လောင်မှုဖြစ်ပွားမှု လျော့နည်း‌စေရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ကျောက်ဆည်တက္ကသိုလ်တို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ THEATER ခန်းမ၌ ပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ တက္ကသိုလ်ရှိ THEATER ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးထွန်းက မီးသတ်ဦးစီးဌာနန ရည်မှန်းချက်၊ အခြေခံမီးသတ်နည်း ၃ မျိုး၊ မီးအတန်းအစား ခွဲခြားခြင်း၊ မီးလောင်ကျွမ်းမှု အဆင့် ၃ ဆင့်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်အကြောင်း အရာများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောက်ဆည်တက္ကသိုလ်မိသားစုမှ အမှတ်တရလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့သည်။

၎င်းနောက် ပင်မဆောင်ရှေ့တွင် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ နည်းပြ/သရုပ်ပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)