မြစ်သားမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများလုပ်ငန်းညှိနှိုင်းအစည်းအဝေး

မြစ်သား ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာ‌ရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင်    မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ယခုအစည်းအဝေးကျင်းပပြုလုပ်ရခြင်းမှာ မြို့နယ်အတွင်းထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြသွားကြရန်၊ မိမိတို့ရပ်ကွက်၊ ကျေးရွာအတွက်အထူးလုံခြုံရေးသတိပြုကြရန်နှင့် ရပ်ကွက်၊ကျေးရွာအတွင်း၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ရပ်ကျေးစာရေးများအနေဖြင့်လည်း အခက်အခဲများတခြားလိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရှိန်းသူက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို စီးပွားရေး၊ လူမှုရေးစသည့် အကြောင်းအရာများဖြင့် ရှင်းလင်းပြောကြားသည်။

  ထို့နောက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီက  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်အောင်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက သိလိုသည့်အချက်အလက်များကိုမေးမြန်းပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ဝင်းမင်းထွန်း(ပြန်/ဆက်)