ကြံခင်း ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမည့် လုပ်ငန်းအစီစဉ်များအား ရှင်းလင်းပြောကြားပြီး၊ လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ကျင်းလျက်ကျင်းပခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် တောင်သူများအား ဆောင်းဆီထွက်သီနှံ နေကြာလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ ကျင်း ၁၀၀၀ ဆီ တစ်ပုံးထွက်ရှိရေးနှင့် နွေစပါးစိုက်ပျိုးရာတွင် ကျဲခင်းစနစ်ကို အသုံးမပြုပဲ Drum Seeder များအား ကျေးရွာ/အုပ်စုများသို့ ဖြန့်ဝေပေးပြီးဖြစ်သောကြောင့် Drum Seeder ဖြင့်သာ စိုက်ပျိုးစေလိုကြောင်း၊ Drum Seeder များ ရရှိလာပါက ထပ်မံတောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း၊ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်လျက်ရှိသော ဌာနများအနေဖြင့် ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာအုပ်စုများတွင် ကျေးရွာခြင်းဆက် ကုန်ထုတ်လမ်းများမှ ကျောက်ချောလမ်းရရှိနိုင်ရေး လာမည့်ဘဏ္ဍာနှစ်တွင် တင်ပြပေးသွားဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်က ပါတီစုံရွေးကောက်ပွဲတွင် ကျရာတာဝန်များကို ပူးပေါင်းဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်သတိရှိရန် လိုအပ်ပါကြောင်း၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး၊ အခမ်းအနား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် အုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဌာနမှတာဝန်ယူဆောင်ရွက်သည့်လုပ်ငန်းများအား တင်ပြဆွေးနွေးကြခဲ့ကြရာ တင်ပြချက်များအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)