ပြင်ဦးလွင် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မေရှိုးမန်းသယ်ယူပို့ဆောင်ရေး သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊ မြမာလာဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်မှ လမ်းညွှန်အမှာစကား ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဗိုလ်ဝင်းမှ အသင်း၏တစ်နှစ်တာ ဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရှယ်ယာရှင်လိုင်းပိုင်၊ယာဉ်ပိုင် အသင်းသားတစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း၊ ယာဉ်မှူး၊ ဂိတ်မှူး၊ ဂိတ်လုပ်သားများ တစ်ဦးလျှင် (၅) သောင်းနှုန်း၊ စုစုပေါင်းအသင်းသား (၁၂၈) ဦးအတွက် (၁၁၄)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်နှင့် တာဝန်ကျ၀န်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရှယ်ယာရှင်များ၊ ယာဉ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)