ဗိုလ်တထောင်မြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာ‌ပေး ဆော်ဩမှုများ ဆောင်ရွက်

ဗိုလ်တထောင် ဇန်နဝါရီ  ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး အသိပညာပေး ဆော်ဩခြင်းလုပ်ငန်းများကို တာမွေမြို့နယ် မီးသတ်စခန်းမှ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာ‌ပေး ဆော်ဩခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တာမွေမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇင်ထက်လွင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး၊ မီးငြှိမ်းသတ်ယာဥ်(၁) စီးတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

ခင်ဝင်း (ပြန်/ဆက်)