မိတ္ထီလာ ဇန်နဝါရီ ၃၁
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီက ကြီးမှူးကျင်းပသည့် မိတ္ထီလာတက္ကသိုလ် မိသားစုထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ရုက္ခဗေဒ၊ သင်တန်းရေးရာဌာန၊ ရူပဗေဒ၊ မြန်မာစာ၊ ဒဿနိက ဗေဒ၊ ပထဝီဝင်၊ သတ္တဗေဒ၊ အရှေ့တိုင်းပညာ၊ ဥပဒေပညာ၊ အင်္ဂလိပ်စာ၊ ဘူမိဗေဒ၊ သမိုင်း၊ စီမံ/ဘဏ္ဍာဌာန၊ သင်္ချာ၊ နှင့် ဓာတုဗေဒ ပြိုင်ပွဲဝင်အသင်း ၁၅ သင်း၏ ပါဝင်ယှဉ်ပြိုင်မှုအား ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါ မောက္ခချုပ်ဒေါက်တာနေအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ ပါဝင်ယှဉ်ပြိုင်မှုများကို သက်ဆိုင်ရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက အကဲဖြတ်အမှတ်ပေးကြပြီး ပထမဆုရ. စီမံ/ဘဏ္ဍာဌာန၊ ဒုတိယဆုဓာတုဗေဒဌာန၊ တတိယဆုရ သင်္ချာဌာနတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)