ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ညောင်ဦး ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စစ်တုရင်ဆပ်ကော်မတီတို့ ပူးပေါင်း၍ (၇၉)နှစ်မြော ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကျောင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀)နာရီအချိန်မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

စစ်တုရင်ပြိုင်ပွဲတွင် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးမင်းခိုင်ဦးက  အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ပြောကြားသည်။ ထို့နောက် ကျောင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲအား ယှဉ်ပြိုင်စေခဲ့သည်။ စစ်တုရင်ပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်း၊ အမှတ်(၄)မူလတန်းလွန်းကျောင်း၊ ဇေတဝန်ဘုန်းတော်ကြီးသင် မူလတန်းလွန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီ (၁၂)ရက်နေ့ ပြည်ထောင်စုအခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း