မိုင်းတုံ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ဇန်နဝါရီ   ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု‌အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေည‌နေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုင်းတုံခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က လစဉ်ပုံမှန်အစည်းအ‌ဝေးဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအ‌နေနဲ့ မိမိတို့လုပ်ငန်းများ တိုးတက်အောင်မြင်မှသာ လုပ်ငန်း‌အောင်မြင်မှာဖြစ်သလို လိုအပ်သည့်နေရာများကိုလည်း ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရတာလည်း ရှိသည့်အတွက် ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီးနောက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဌာနဆိုင်ရာများသည် ကိုယ့်လုပ်ငန်းကိုယ့်တာဝန်ကို ဆောင်ရွက်သည့်အခါ တာဝန်အရမဟုတ်ပဲ လုပ်ငန်းအပေါ် စိတ်ပါဝင်စားစွာဖြင့် ထိရောက်မှုရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့တာဝန်ကျတဲ့မြို့ကို သာယာလှပစေရေးအတွက် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းကာ အပတ်စဉ်စနေနေ့တိုင်း စု‌ပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေး ကြိုတင်စုဖွဲ့မှုနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရပ်ကျေးစာရေးတွေကလည်း မိမိတို့လုပ်ရမည့်အလုပ်ကို အချိန်နဲ့တစ်ပြေးညီ တင်နိုင်အောင် ဆောင်ရွက်ကြ‌စေလိုကြောင်း ပြောကြားပြီး‌နောက်‌  ရေအားလျှပ်စစ်စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးမှ မြို့နယ်‌‌အတွင်း မီးရရှိရေးအတွက် စီမံကိန်းရေးဆွဲထားရှိမှုနှင့် ကုန်ကျစရိတ်များကို သိရှိနိုင်စေရန် မှတ်တမ်းနှင့်တကွ အကျယ်တဝန်းရှင်းလင်းမှုကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများမှ သိလိုသည့်အချက်များနှင့် လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)