ရန်ကုန်တိုင်းဒေသကြီးအတွင်း Rice Export Zone စတင်ဆောင်ရွက်ခြင်းနှင့် Rice Export Zone တွင် ပါဝင်သော တောင်သူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း Rice Export Zone စတင်ဆောင်ရွက်ခြင်း၊ Rice Export Zone တွင် ပါဝင်သော တောင်သူများအား စိုက်ပျိုးစရိတ်၊ Drum Seeder များ ပေးအပ်ခြင်းနှင့် MAPCO-MFI (တန် ၅၀၀)၊ ခေတ်မီဆန်စက်တွင် Solar Energy (1000 kW)ထုတ်လုပ်သုံးစွဲမှု အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ တစ်နေ့ တန် (၅၀၀) ခေတ်မီဆန်စက်နှင့် သိုလှောင်ရုံတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း Rice Export Zone ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စပါးစိုက်ပျိုးမှုအခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေ အသုံးပြုမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း Rice Export Zone တွင် ပါဝင်သော တောင်သူများအား စိုက်ပျိုးစရိတ်နှင့် Drum Seeder များကို အသီးသီးပေးအပ်ခဲ့ကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က MAPCO-MFI (တန် ၅၀၀)၊ ခေတ်မီဆန်စက်တွင် Solar Energy (1000 kW)ထုတ်လုပ်သုံးစွဲမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)