မန္တလေး ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ကုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်းစီစဉ်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် အသိပညာပေးဟောပြောပွဲ(၁/၂၀၂၆) အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်၊ မွန်လွဲ ၂ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ ကုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ(မန္တလေး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သဘာပတိများဖြစ်ကြသော တိုင်းရင်းဆေးပညာဦးစီးဌာန (တိုင်းဒေသကြီးဦးစီးဌာနမှူး(အငြိမ်းစား) ဦးစန်းလွင်နှင့် ကုတင်(၁ဝဝ)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံအုပ်ကြီး(အငြိမ်းစား) ဦးသံချောင်း၊ ကုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီး ဒေါ်မီမီ၊ အကြော၊ အရိုး၊ အဆစ်ကုဌာန၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီထွန်း(၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်နှင့် တိုင်းအလုပ်အမှုဆောင်များ၊ အလုပ်သင်ဆရာ၊ ဆရာမများ၊ ဌာနမှူးများ၊ အခမ်းအနားဖြစ်မြောက်ရေးကူညီပံ့ပိုးသူ အလှူရှင် ဦးသင်း+ဒေါ်ခင်မူ "တက်နေလင်း" တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစုဝင်များ၊ တိုင်းရင်းဆေးနှင့် နှီးနွယ်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သဘာပတိဦးသန်ချောင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါ်မီမီက အလှူရှင်အလှူရှင် ဦးသင်း+ ဒေါ်ခင်မူ "တက်နေလင်း" တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးအား ဂုတ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ထို့နောက် ဒေါ်သိင်္ဂီထွန်း(အကြီးတန်းတိုင်းရင်းဆေးမှူး)က ခါးနာရောဂါအကြောင်း သိကောင်းစရာအား ဟောပြောပြီး တက်ရောက်လာသူများ၏ ပြန်လည်မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။
၎င်းနောက် သဘာပတိ ဦးသံချောင်းကစာတမ်းရှင်အား ဂုဏ်ပြမှတ်တမ်းလွှာပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း (အောင်စံ၊ ပြန်/ဆက်)