လှိုင်သာယာ(အနောက်) ဇန်နဝါရီ ၃၁
အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီက စုပေါင်းရုံးမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်ဇနီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်း၊ မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းနှင့် ထက်၊ လယ်၊ မှု ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားသည်။
မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက မြို့နယ်လုံးဆိုင်ရာ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပရခြင်းရွယ်ရည်ချက်နှင့် ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုစကား ပြောကြားသည်။
ထို့နောက် တစ်မြို့နယ်လုံးရှိကျောင်းများမှ ဖက်စုံထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးကြပြီး ထက်၊ လယ်၊ မှု ကျောင်းသား/ ကျောင်းသူများက ကျောင်းအလိုက် ကပြသီဆိုဖျော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)