ညောင်ရွှေမြို့နယ်၌ ရုရှားနေကြာ (Makhaon) စမ်းသပ်စိုက်ပျိုး

ညောင်ရွှေ      ဇန်နဝါရီ        ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာအုပ်စု မိုင်းသောက်ကျေးရွာ ပင်မြင့်စံသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးအုန်းဇော်၊ ဦးမြထွန်းနှင့် ဒေါ်ခင်အေးတို့၏ ရုရှားနေကြာ (Makhaon)မျိုး (၅)ဧက စမ်းသပ်စိုက်ခင်းများသို့ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ ရှမ်းပြည်နယ် (တောင်ပိုင်း/ အရှေ့ပိုင်း) သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှုသည်။

ကွင်းဆင်းကြည့်ရှုရာတွင် အပင်များသားခွဲခြင်း၊ ပင်ခြားဖြည့်စွက်ခြင်းနှင့် မြေပေါင် တင်ခြင်းများဆောင်ရွက်ပြီး သတ်မှတ်ရွက်ဖျန်းအားဆေးများ၊ မြေဩဇာများစနစ်တကျ ထည့်သွင်း ပက်ဖျန်း၍ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် အလေးထားဆောင်ရွက်ကြရန်နှင့် အသင်းသား တောင်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေး  ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်