ပေါက်ခေါင်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကြံသီးနှံစိုက်ဧကအားလုံး ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အင်ငါးခွကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီရုံးမှ ဦးစီးအရာရှိဒေါ်ဇာဇာထွန်း ဦးဆောင်သော ပညာရှင်အဖွဲ့နှင့် ပြည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမင်းဇော်ဦး ဦးဆောင်သော ပညာရှင်အဖွဲ့တို့က ပေါက်ခေါင်းမြို့နယ်မှ ကြံစိုက် တောင်သူကြီးများ၊ ကြံခုတ်သည့် အလုပ်သမားများကို ကြံသီးနှံစိုက်ဧကအားလုံး ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် ကြံခုတ်သိမ်းနည်းစနစ် မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ ကြံခုတ်သိမ်းမှုကျွမ်းကျင်လုပ်သားများ ဖြစ်ပေါ်လာစေရေးနှင့် လမိုင်းအထူးအထွက်တိုးရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို နည်းပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ နည်းပညာပေးဆွေးနွေးပွဲသို့ တောင်သူနှင့်ဝန်ထမ်း စုစုပေါင်း (၅၃) ဦး တက်ရောက်ခဲ့ကြပြီး တောင်သူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)