သဲကုန်းမြို့နယ်တွင် ကြံသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး ကြံခုတ်သိမ်းနည်းစနစ်မှန်ကန်ရေးနှင့် လမိုင်းအထူးအထွက်တိုးရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

သဲကုန်း ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  ကြံသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး ကြံခုတ်သိမ်းနည်းစနစ်မှန်ကန်ရေးနှင့် လမိုင်းအထူးအထွက်တိုးရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သဲကုန်းမြို့နယ်၊ အင်း‌ပေါ်ငယ်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပညာပေးဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာမော် ဦးဆောင်သောပညာရှင်အဖွဲ့နှင့် ပြည်ခရိုင်ဦးစီးမှူးရုံးမှခရိုင်‌ မြေအသုံးချရေးတာဝန်ခံ၊ ဒေါ်အေးအေးမင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ဒေါ်အိအိငြိမ်းတို့ ဦးဆောင်သော ပညာရှင်အဖွဲ့တို့သည် ကြံစိုက်တောင်သူကြီးများ၊ ကြံခုတ်သည့်အလုပ်သမားများအနေဖြင့် ကြံခုတ်သိမ်းနည်းစနစ် မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ ကြံစိုက်တောင်သူကြီးများနှင့် ကြံခုတ်လုပ်သားများအား ကြံခုတ်သိမ်းမှုကျွမ်းကျင်လုပ်သားများ ဖြစ်ပေါ်လာစေရေးနှင့် လမိုင်းအထူးအထွက်တိုးရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား နည်းပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူ (၅၈) ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁၂) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ကိုကျော် (သဲကုန်း)