လက်ပံတန်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ရှိ လောကဥသျှောင်မြဘုန်းရောင် ဆုတောင်းပြည်စေတီတော်မြတ်ကြီးတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လောကဥသျှော်မြဘုန်းရောင် စေတီတော်မြတ်ကြီးရှိ ဂါပကအဖွဲ့မှဦးဆောင်၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ ပင့်ဖိတ်ပြီး ဆရာတော်ကြီးများနှင့် သံဃာတော် အပါး (၂၇)ပါးအား မြို့ပေါ်ရှိရပ်ကွက်နေပြည်သူများက ဆန်၊ ကြက်သွန်၊ အချိုရည်၊ ဆေးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)