မန္တလေးတောင်‌ခြေရှိ ကျောက်တော်ကြီးဘုရားတွင် တပိုတွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ ပြုလုပ်

မန္တလေး ဖေဖော်ဝါရီ ၁

မြန်မာ့သနပ်ခါးချစ်သူများ စုပေါင်းကျင်းပသော တပိုတွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သနပ်ခါးတစ်တုံး အခမဲ့လက်ဆောင်ယူပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက် (တပိုတွဲလပြည့်) နေ့က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ ရွှေကျောင်းတော်ကြီးအနီး အရှေ့ဘက်မုဒ်ဦးတွင် ပြုလုပ်ကြသည်။

ဘုရားပွဲတော်လာကြသော သနပ်ခါးချစ်သူများအား သနပ်ခါးလိမ်းလာလျှင် သနပ်ခါးတုံးတစ်တုံးကို လက်နောက်ပြန်ယူစနစ်ဖြင့် လက်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။ ပွဲ‌တော်လာပြည်သူများအား သနပ်ခါးတုံး ထောင်ပေါင်းများစွာကို ပေးဝေနိုင်ခဲ့ကြောင်း၊ နှစ်စဉ်မပျက် ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါသနပ်ခါးပွဲတော်ကို ရှေပြည်နန်း၊ Shwe Sin ၊ MNT၊ ရွှေဘိုမင်းသမီးသနပ်ခါးအပြင် ရွှေပြည်ဝင်း၊ မြင့်၊ ထူး၊ သင်းပျံ့ပျံ့၊ မြတ်၊ မင်းခန့်၊ မခိုင်၊ ဝိုင်းပြည့်ပြည့်ကျော်၊ ကိုထွန်းမင်းဦးနှင့် ဒေါ်ဦး သနပ်ခါးဆက်စပ်လုပ်ငန်းရှင်များက ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ပံ့ပိုးပေးထားကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)