အလုံ ဖေဖော်ဝါရီ ၂
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း (၂) နာရီအချိန်က စာရေးဆရာကလောင်စုံရေးသားသည့် “ယောက်ျားတံခွန်လူရည်ချွန်” စာအုပ်ဖြင့် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါခေါင်းစဉ်ခွဲဖြစ်သည့် “ယောက်ျားတံခွန်လူရည်ချွန်ဖို့ ကြိုးစားပါကိုမိုး” ဇာတ်လမ်းအကျဉ်းတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် အ.မ.က (၄) ကျောင်းမှ ကျောင်းသား မောင်အာကာမိုးမြင့်မှ စာအုပ်ပါစာရေးဆရာမောင်ကိုကို (အမရပူရ) ရေးသားသော “ဘာကိုမှမကြောက်သူသည် ကောင်းကင်တမွတ်ကြယ်ကိုဆွတ်လိမ့်မည်" အကြောင်းအရာတို့ကို ကောက်နုတ်ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စာအုပ်တွင် ပါရှိသည့် အကြောင်းအရာတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ အ.မ.က (၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြပြီး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)