ရန်ကုန် ဖေဖေါ်ဝါရီ ၂
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်း ဒုတိယပါမောက္ခချုပ်များ ပါမောက္ခဌာနမှူးများ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပထမရရှိသော ဓာတုဗေဒအသင်းအား ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ