ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်   

ပဲခူး ဖေဖော်ဝါရီ

ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဖေဖော်ဝါရီလ (ရက်နေ့၊ ညနေပိုင်းက ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာစာဌာန၊ ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ ပဲခူးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များကိုလည်းကောင်း ဖတ်ကြားရှင်းလင်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲဝင်အသင်းများအား စတင်ယှဉ်ပြိုင်နိုင်ရန် မင်္ဂလာမောင်း (ချက်တီး၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြိုင်ပွဲဝင်များ၏ စည်းလုံးမှုစုပေါင်းအားဖြင့် ထမနဲထိုးယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ ပထမဆုရရှိသည့် အထက်ဇိုင်းဂနိုင်းကြီး ကျေးရွာအုပ်စုအသင်းနှင့် စီးပွားရေးရာဝန်ကြီး ဌာန၊()အသင်းတို့ကို ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းစီနှင့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုငွေကျပ်()သိန်းတို့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဥဿာမြို့သစ်၊ ()ရပ်ကွက်အသင်းနှင့် တိုင်း၊ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအသင်းတို့အား ဂုဏ်ပြုဆုငွေ()သိန်းကျပ်စီကို ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်ကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တတိယဆုရရှိသည့် ဥဿာမြို့သစ်၊ ()ရပ်ကွက်အသင်းနှင့် သယံဇာတရေးရာဝန်ကြီးဌာန()အသင်းတို့အား ဂုဏ်ပြုဆုငွေကျပ်()သိန်းစီကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင် အသင်းအဖွဲ့(၃၃)ဖွဲ့အား ဆုငွေကျပ်() သိန်းစီနှင့် ဂုဏ်ပြုအထူးဆုရရှိသော ပြိုင်ပွဲဝင် ()သင်းအား ဆုငွေကျပ်()သိန်းစီတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင် အသင်း(၁၈)သင်း၊ လူမှုရေးအသင်းအဖွဲ့မှ ()သင်း၊ ဘုရားဂေါပကအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း()သင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင် အသင်း(၂၁)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင် အသင်း(၄၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)