လှိုင်သာယာ ဖေဖော်ဝါရီ ၂
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီက ရန်ကုန်-ပုသိမ်လမ်းမကြီး နည်းပညာတက္ကသိုလ်လမ်းဆုံတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
အဆိုပါပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ရင်း (၆၈) မှ ဒုရဲအုပ် နှင်းခရေစိုး၊ တပ်ကြပ်ကြီး လှမျိုးနှင့် တပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်စေရန်အတွက် အိုးဝေ၊ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများအား လမ်းအလယ်မှ မောင်းနှင်မှုမရှိစေရေး လမ်းယာဖက်မောင်းနှင်စေရန်နှင့် မော်တော်ယာဥ်များ သတ်မှတ်နံပါတ်ပြားများ တပ်ဆင်စေရန်၊ ပါဝါအတ်ဇောများ တပ်ဆင်မောင်းနှင်မှုမရှိစေရေးတို့အား စစ်ဆေးကာ အသိပညာပေးခြင်းများ ပြုလုပ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)