ရန်ကုန် ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတက္ကသိုလ် ဟန်မင်းဦးက အဖွင့်အမှာစကားပြောကြားကာ ဆရာကြီး ကျော်ဇင်ဝင်းမရမ်းကုန်း ဆရာဦးကျော်စိန်လိူင်နှင့် ဆရာမ တင့်တယ်ခင်တို့မှ မုဒိတာစကားများ အသီးသီးပြောခဲ့ကြပြီး နောက်ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမူး ဒေါ်စိမ်းလဲ့မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ မသိမဖြစ် AI နည်းပညာအကြောင်းကို ဆရာဦးဌေးလင်းက ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများမှ နည်းပညာနှင့် ပက်သက်၍ သိရှိလိုသည်များကို တက် ရောက်လာသော ဆရာ၊ ဆရာမများမှ မေးမြန်ကြရာ ဆရာမှပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အလားတူ AI နည်းပညာနှင့် ပက်သက်၍လည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိမ်းလဲ့ (ပြန်ဆက်)