လှိုင်သာယာ ဖေဖော်ဝါရီ ၂
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အလယ်ရွာမီးပွိုင့်၊ ခရေပင်လမ်းမကြီးတို့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စု-၆၈မှ ရဲအုပ် သိန်းထိုက် တပ်ရင်း (၈) မှ တပ်ကြပ်ကြီး လှမျိုးနှင့် တပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်စေရန်အတွက် အိုးဝေ၊ ဘေးတွဲဆိုင်ကယ်မောင်းနှင်းသူများအား လမ်းအလယ်မှ မောင်းနှင်မှုမရှိစေရေး လမ်းယာဖက်မောင်းနှင်စေရန်နှင့် မော်တော်ယာဥ်များ သတ်မှတ်နံပါတ်ပြားများ တပ်ဆင်စေရန်၊ ပါဝါအတ်ဇောများ တပ်ဆင်မောင်းနှင်မှုမရှိစေရေးတို့အား စစ်ဆေးကာ အသိပညာပေးခြင်းများပြုလုပ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)