ညောင်ဦး ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဝန်ထမ်းများသည် အရေးပေါ်အခြေအနေများတွင် Alpinter Tent(ရွက်ဖျင်တဲ)ကျွမ်းကျင်စွာ တည်ဆောက်နိုင်ရန် ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ရုံးရှေ့တွင် လက်တွေ့ဆောင်ရွက်သည်။
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ ထောက်ပံ့မှုဖြင့် ရရှိလာသော Alpinter Tent(ရွက်ဖျင်တဲ)အား အသုံးပြုရန်လိုအပ်သော အရေးပေါ်အခြေအနေများတွင် ကျွမ်းကျင်စွာနှင့်လွယ်ကူလျှင်မြန်စွာ တည်ဆောက်တပ်ဆင်တတ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက တဲထိုးနည်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း