ပျော်ဘွယ်မြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များ   စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌  ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေ ဝါသနာရှင်များက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ထိမ်းသိမ်းရမည့် သဘာဝပတ်ဝန်းကျင် ဆောင်းပါးကိုဖတ်ရှု ပြီးနောက် မိမိတို့၏အတွေးအမြင်များကို ဆွေးနွေးကြသည်။

စာပေဝါသနာရှင်များက ယခုဆောင်းပါးတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးလာမှုအခြေအနေများ၊ လူသားအားလုံးပါဝင်ကာ ထိန်းသိမ်းစောင့်ရှောက်ရမည့်အကြောင်းအရာများ၊ တစ်ဦးတစ်ယောက်ချင်းမှသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)