မိတ္ထီလာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိတ္ထီလာ  ဖေဖော်ဝါရီ  ၂

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို    စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြပွဲများကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ပြပွဲကို ဆက်လက်ပြသရာ ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။ ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစောင်များအား ဖြန့်ဝေသည်။

အဆိုပါပြပွဲကို မိတ္ထီလာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နှင့် မိတ္ထီလာပညာရေးကောလိပ်တို့မှ ကျောင်းသားကျောင်းသူများက  လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

  သိန်းမြင့်ကျော်(မိတ္ထီလာ)