ကျောက်ဆည် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းသေကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထားရှိပြီး စင်းကွန်းကျေးရွာ၌ စိုက်ပျိုးထားသော ဆောင်းမြေပဲသီးနှံများ စတင်နုတ်သိမ်းလျက်ရှိကြောင်း သိရသည်။
စင်းကွန်းကျေးရွာသည် တိုက်နယ်(၂)မှ ကျေးရွာအုပ်စု ၅ အုပ်စု၌ ပါဝင်ပြီး ဆောင်းမြေပဲဧက ၃၀ စိုက်ပျိုးထားကြောင်း အခြားကျေးရွာအုပ်စုများဖြစ်သည့် ဒါန်းတိုင်ကျေးရွာအုပ်စု၌ ဧက ၂၀ ၊ ရန်ဘက်လိုကျေးရွာအုပ်စု၌ ၁၀ ဧက၊ ဘုံကွင်းကျေးရွာအုပ်စု၌ ဧက ၂၀ စုစုပေါင်း ဧက ၈၀ စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ဆောင်းမြေပဲများကို တိုက်နယ်(၁)မှ ကျေးရွာအုပ်စု ၇ အုပ်စု၌ ဧက ၃၀ ၊ တိုက်နယ်(၂)မှ ကျေးရွာအုပ်စု ၅ အုပ်စု၌ ဧက ၈၀၊ တိုက်နယ်(၁၁)မှ ကျေးရွာအုပ်စု ဧက ၂၀နှင့် တိုက်နယ်(၁၂)မှ ကျေးရွာအုပ်စု ၇ အုပ်စု၌ ၁၆၇ ဧက စုစုပေါင်း ၂၉၇ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)