ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ မြန်မာ့ထမနဲထိုးပြိုင်ပွဲကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ မြန်မာ့ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက ကျင်းပသည်။

ဦးစွာ ထမနဲထိုးပြိုင်ပွဲကျင်းပနိုင်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်နေရာများတွင် နေရာယူ ကာ အကဲဖြတ်ဒိုင်များက ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများကို ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်စံချိန်အတွင်းပြီးစီးစေ‌ရန် တက်ကြွစွာစတင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်နေမှုအား ကျောက်ဆည်တက္ကသိုလ် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ဆုပေးပွဲ အခမ်းအနားတွင် ပါမောက္ခချုပ်က အမှားစကားပြောကြားသည်။ ယင်းနောက် ပထမဆုရရှိသော သတ္တဗေဒ‌အသင်း၊ ဒုတိယဆုရရှိသော သင်္ချာအသင်းနှင့် တတိယဆုရရှိသော ဓာတုဗေဒအသင်းတို့အား ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)