(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၂

(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပျော်ဘွယ်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်စန်းစန်းကြူက ပြိုင်ပွဲများကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ အမှတ်ပေးဒိုင်အဖြစ်ပြုလုပ်မည့် ဆရာမတစ်ဦးက အမှတ်ပေးမည့် နည်းစနစ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)