မန္တလေး ဖေဖော်ဝါရီ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းက ကြီးမှူးဖွင့်လှစ်သော စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက် ၇၃လမ်း၊ ၁၁×၁၂လမ်းကြားရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သင်းသင်းခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင်သင်တန်းသား ၂၀ အား သင်တန်းကာလ ရက်ပေါင်း ၈၀ သင်ကြားသွားမည်ဖြစ်သည်။
အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သင်းသင်းခိုင်၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးစိုးမင်း၊ အမှတ်(၁၇)မူးယစ်တပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူးဌေးလွင်နှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)မန်နေဂျာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထက်အောင်၊ မန္တလေးလူငယ်သင်တန်းကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းဗဟိုဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသားများတက်ရောက်ကြသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)