ဘုတ်ပြင်းမြို့၌ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

ဘုတ်ပြင်း ဖေဖော်ဝါရီ  

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင်(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်(၆)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ ရာမညနိကာယသုခကာရီမွန်ကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိက ရာမညနိကာယသုခကာရီမွန်ကျောင်း ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဂါရဝဓဇက (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဗဟိုသဘာပတိမိန်းခွန်းကို မွန်ဘာသာဖြင့်ဖတ်ကြားသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားရေးရာဝန်ကြီးဌာန (၇၉)ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှပေးပို့သည့် သဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက ဖတ်ကြားသည်။

ဆက်လက်၍ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဗဟိုသဘာပတိမိန်းခွန်းကို ဗမာဘာသာဖြင့် ဘုတ်ပြင်းမြို့မွန်အမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီသဘာပတိ နိုင်ဖေတင်က လည်းကောင်း၊ မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ မိန့်ခွန်းကို နိုင်မင်းအောင်က မွန်ဘာသာဖြင့်လည်းကောင်း၊ နိုင်စောဦးက ဗမာဘာသာဖြင့်လည်းကောင်း၊ မွန်အမျိုးသားနေ့ကျင်းပရေးဗဟိုအခမ်းအနားတွင် ဖတ်ကြားတင်ပြသော မွန်စာပေယဉ်ကျေးမှုဆိုင်ရာ စာတမ်းငယ်ကို မိနှင်းမိုးလှိုင်က(မွန်ဘာသာ)ဖြင့် လည်းကောင်း၊ မိဖြိုးစန္ဒီကျော်က ဗမာဘာသာဖြင့်လည်းကောင်း ဖတ်ကြားသည်။ ယင်းနောက် ရာမညနိကာယသုခကာရီမွန်ကျောင်းဆရာတော်က နိဂုံးချုပ်  ဩဝါဒမြွက်ကြားသည်။

ထို့နောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲ(အကြီးတန်း)ပြိုင်ပွဲ၊ အငယ်တန်းပြိုင်ပွဲ နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားအပြီးတွင် (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)