တောင်သာ ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၂ရက် နံနက် ၁၁ နာရီက အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားများအချင်းချင်း ညီညွတ်ရေး တန်းတူညီမျှမှု ရရှိရန်၊ စည်းလုံးညီညွှတ်စွာ ဥမကွဲသိုက်မပျက် ထာဝရပူးပေါင်းရေး၊ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ပင်လုံမြို့၌ သမိုင်းဝင်စာချုပ်ကို တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သည်မှာ ယခုလဆိုလျှင် (၇၉)နှစ်မြောက်ခဲ့ပြီးဖြစ်ကြောင်း ဟောပြောခဲ့ပြီး ဟောပြေပွဲသို့ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ ၈၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)