ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များ   ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ငါန်းဇွန်  ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီ ၂ ရက် နံနက် () နာရီက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ () နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ မွေးစမှ () နှစ်အောက် ကလေးငယ်များကို  ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ဆုံဆို့-ကြက်ညှာ- မေးခိုင်- အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့်ကာကွယ်ဆေးများကိုထိုးနှံပေးသည်။ ထို့ပြင်ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိကလေးငယ်များအပြင် အဝေးမှရောက်ရှိနေသည့် ဧည့်သည်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးရက်မကျော်လွန်စေရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စုစုပေါင်းကာကွယ်ဆေးထိုးနှံသူ ကလေးငယ် ၁၂၀နှင့် ကိုယ်ဝန်ဆောင်မိခင် ၃၀ လာရောက်ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။

ကိုကိုနိုင် ( ပြန်/ဆက် )