ရေဖြူ ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအား ယာဉ်မောင်း(မွမ်းမံ)သင်တန်းအမှတ်စဉ်(၇/၂၀၂၆)ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်၉နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းနိုင်က မီးသတ်ဦးစီးဌာနမှာ လက်ရှိအသုံးပြုလျက်ရှိသည့် မီးသတ်ယာဉ်အမျိုးမျိုးမှာ လိုအပ်ချက်အရ ယာဉ်မောင်းအဖြစ် ထပ်မံတာဝန်ချထားနိုင်ရန်၊ မီးသတ်ယာဉ်များကိုင်တွယ်မောင်းနှင်းရာတွင် ယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေ၏အလေးချိန်/ဖိအားနှင့် လှုပ်ရှားမှုသဘောတရားများကို နားလည်သိရှိပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်နိုင်စေဖို့အတွက် ယခုကဲ့သို့ ယာဉ်မောင်းသင်တန်းဖွင့်လှစ်ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများက သင်ကြားပြသပေးသည့် စာတွေ့လက်တွေ့ဘာသာရပ်များကို ဂရုတစိုက်လေ့လာမှတ်သားကြရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်အေးက ယာဉ်မောင်း(မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် အဆိုပါယာဉ်မောင်းသင်တန်းအား သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၁၂)ဦးဖြင့် ဖေဖော်ဝါရီ ၂ရက်မှ ၁၃ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ခတ္တာ