သဲကုန်း ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန် အခြေခံပညာအထက်ကျောင်း(သဲကုန်း)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ကျောင်းသူများအား လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် စာပေဖတ်ရှုရန်လိုအပ်ပုံ၊ စာပေဖတ်ရှုခြင်းမှရရှိလာသော အကျိုးကျေးဇူးများ၊ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုစိတ်ဓာတ်ထားရှိရန် အသိပညာပေးဟောပြောခဲ့ပြီး ခင်းကျင်းပြသထားသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ကျောင်းသား/ ကျောင်းသူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)